Consulate & Embassy
+420233331577
EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR - PRAGUE

ငလျင်ဒဏ်သင့် ပြည်သူများအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအတွင်း ပါဝင်ဆောင်ရွက်လျက်ရှိခြင်းနှင့် ဝမ်းနည်းကြောင်းအထိမ်းအမှတ်မှတ်တမ်းစာအုပ် ဖွင့်လှစ်ထားရှိခဲ့ခြင်း
မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် ၁၂ နာရီ၊ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်ပျက်စီးခဲ့ရမှုများအတွက် စာနာထောက်ထား နားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် ချက်သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သံရုံး၊ ပရာ့ဂ်မြို့သည် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်များအဖြစ် သတ်မှတ်ထားသည့် ၃၁-၃-၂၀၂၅ ရက်မှ ၆-၄-၂၀၂၅ ရက်အတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ လွှင့်ထူဆောင်ရွက်လျက်ရှိပြီး၊ ဝမ်းနည်းကြောင်းအထိမ်းအမှတ် မှတ်တမ်းစာအုပ် အား ၃၀-၃-၂၀၂၅ ရက်နေ့မှ ၁-၄-၂၀၂၅ ရက်နေ့အထိ သံရုံးဧည့်ခန်းမ၌ ဖွင့်လှစ်ထားရှိခဲ့ပါသည်။ အဆိုပါမှတ်တမ်းစာအုပ်တွင် ပရာ့ဂ်မြို့အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် သံရုံးအကြီးအကဲများနှင့် ကိုယ်စားလှယ်များက စာနာထောက်ထား ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခြင်းများနှင့် ဝမ်းနည်းကြောင်း အမှာစကားများအား သံရုံးသို့ ပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ဖော်ပြအပ် ပါသည်။
National Mourning Observance for the victims of the devastating earthquake in Myanmar and opening Condolence Book at the Embassy
On March 28, 2025, at 12:51:02 (local time), a powerful earthquake measuring 7.7 on the Richter scale struck Myanmar, causing significant loss of lives, homes, and properties. In deep sympathy and solidarity with the affected people, the Government of Myanmar declared a national mourning period from March 31 to April 6, 2025, in which the Embassy of the Republic of the Union of Myanmar in Prague, Czech Republic, has been participating by doing half-mast of the national flag of the Embassy’s building. A condolence book was also opened at the Embassy from March 30 to April 1, 2025, allowing representatives to express their sympathies. Heads of diplomatic missions and representatives from international organizations based in Prague visited the Myanmar Embassy to sign the condolence book with their heartfelt condolences and also forwarded condolence messages to the Embassy.








မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များအား မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာန၏ Website နှင့် Facebook စာမျက်နှာများတွင် ကြည့်ရှုနိုင်ပါသည်။
Information related to Myanmar's tourism can be viewed on the Website and Facebook page of the Ministry of Hotels and Tourism of Myanmar.

မြန်မာနိုင်ငံတွင် ကုန်သွယ်မှုမြှင့်တင်ရေးဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိင်ရန်အတွက် ကုန်သွယ်မှုသတင်းအချက်အလက်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Website တွင် ကြည့်ရှုနိုင်ပါသည်။
To effectively carry out trade promotion services in Myanmar, trade information can be accessed on the website of the Ministry of Commerce and Industry.
Welcome visitors to your site with a short, engaging introduction.
Double click to edit and add your own text.

Grow Your Vision
Welcome visitors to your site with a short, engaging introduction.
Double click to edit and add your own text.