သတင်းထုတ်ပြန်ချက်
- ME Prague
- May 27, 2024
- 1 min read
ချက်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ တွေ့ဆုံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်
(၇-၂-၂၀၂၄ ရက်၊ ပရာ့ဂ်မြို့)
ချက်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး၏ ဖိတ်ကြားချက်အရ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်၊ ၁၅၀၀ နာရီအချိန်တွင် Liechtenstein Palace ၌ ကျင်းပပြုလုပ်သည့် ဝန်ကြီးချုပ် Petr Fiala နှင့် ချက်နိုင်ငံကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ တွေ့ဆုံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင် တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် Petr Fiala မှ အမှာစကား ပြောကြားခြင်း၊ သံတမန် များအဖွဲ့နာယက Jude Thaddeus Okolo မှ နှုတ်ဆက်စကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် တက်ရောက်လာသည့် သံရုံးအကြီးအကဲများနှင့် အပြန်အလှန် နှုတ်ဆက်ခြင်း၊ နှစ်နိုင်ငံနှင့် ဒေသတွင်း ဆက်ဆံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ဆက်ဆံရေးတိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


Comments