top of page
Search

သတင်းထုတ်ပြန်ချက်

Updated: Aug 26

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တီဟီရန်မြို့၌ ကျင်းပသည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်

 (၃၁-၇-၂၀၂၄ ရက်၊ တီဟီရန်မြို့)

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက် ဘက်ဂါ ဂါလီဘာ့ဖ် ၏ဖိတ်ကြားချက်အရ အီရန်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် တီဟီရန်မြို့ရှိ အီရန်လွှတ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတသစ် မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။

ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား မစတင်မီ စုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် အခြား သော ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ ပါဝင်ခဲ့သည်။

အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ နိုင်ငံပေါင်း (၈၀) ကျော် မှ နိုင်ငံ့အကြီးအကဲ များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် အထူးကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။

ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား၌ အစီအစဉ်အရ အီရန် လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက် ဘက်ဂါ ဂါလီဘာ့ဖ် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အီရန် တရားသူကြီးချုပ် မစ္စတာ မိုဆယ်နီ အီဂျဲ က မိန့်ခွန်း ပြောကြားခဲ့သည်။

ထို့နောက် အီရန်သမ္မတသစ် မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကာ၊ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ဆက်လက်၍ အီရန် လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက် ဘက်ဂါ ဂါလီဘာ့ဖ် က အပိတ်မိန့်ခွန်း ပြောကြားပြီးနောက် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ပြီးဆုံးခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင်လ ၃၀ ရက် ညနေပိုင်းတွင် အီရန်သမ္မတ မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် က တည့်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အခြားသောနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ နှင့်အတူ တက်ရောက်ခဲ့သည်။

အီရန်နိုင်ငံသို့ရောက်ရှိစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို အခမ်းအနား တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား ထည့်သွင်း ဆွေးနွေး ပြောကြားခဲ့သည်။

တီဟီရန်မြို့၌ ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့သည်။

ခရီးစဉ်အတွင်း အိမ်ရှင်အီရန်အစိုးရက ကိုယ်စားလှယ်အဖွဲ့များအား တီဟီရန်မြို့ရှိ အီရန် အမျိုးသားပြတိုက် နှင့် အီရန်ရှေးဟောင်းသုတေသနနှင့်အနုပညာပြတိုက် တို့သို့ ပို့ဆောင်ပြသ ပေးခဲ့သည်။

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတသစ် မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် အား ၁၉၅၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် နှလုံးခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ကျန်းမာရေးဒုတိယဝန်ကြီး အဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ကျန်းမာရေး ဝန်ကြီး အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အီရန်လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း ရာထူးတာဝန်အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

******************************

Deputy Prime Minister and Union Minister for Foreign Affairs U Than Swe attends the Swearing-in Ceremony of the new President of the Islamic Republic of Iran in Tehran

(31 July 2024, Tehran)

The Deputy Prime Minister and Union Minister for Foreign Affairs U Than Swe, who is now in Iran at the official invitation of Mr. Mohammad Bagher Ghalibaf, the Speaker of the Islamic Parliament of Iran, attended the Swearing-in Ceremony of Mr. Masoud Pezeshkian, the new President of the Islamic Republic of Iran which was held at the General Assembly of the Islamic Parliament of Iran in Tehran on 30 July 2024.

The commemorative group photo was taken before the opening of Ceremony and the Deputy Prime Minister and Union Minister for Foreign Affairs U Than Swe took part in the event together with the Heads of Delegation from the participating countries.

The Swearing-in Ceremony was attended by Heads of States, Heads of Government, Speakers of Parliament and Members of Parliament, Ministers for Foreign Affairs and Special Envoys from more than (80) countries.

As per the Programme, Mr. Mohammad Bagher Ghalibaf, the Speaker of the Islamic Parliament of Iran delivered Welcome Remarks at the Ceremony, followed by the Speech delivered by the Mr. Mohseni EJEI, Chief Justice of Iran.

Afterwards, the new President of the Islamic Republic of Iran, Mr. Masoud Pezeshkian, took an oath and delivered an address. The Swearing-in Ceremony was concluded after the Closing Speech by Mr. Mohammad Bagher Ghalibaf, the Speaker of the Islamic Parliament of Iran.

In the evening of 30 July 2024, the Deputy Prime Minister and Union Minister for Foreign Affairs U Than Swe, together with Heads of Delegation from other countries, attended a State Banquet hosted by the President of Iran Mr. Masoud Pezeshkian in honour of visiting Delegations.

While in Iran, the Deputy Prime Minister and Union Minister for Foreign Affairs appraised the Myanmar Government’s efforts to ensure peace, development and democracy in the country and the latest developments taking place in Myanmar to the Heads of Delegation.

The officials from the Ministry of Foreign Affairs of Myanmar were also present at the Swearing-in Ceremony held in Tehran together with the Deputy Prime Minister and Union Minister for Foreign Affairs U Than Swe.

The Government of the Islamic Republic of Iran arranged a visit to the “National Museum of Iran” and “Museum of Islamic Archaeology and Art of Iran” in Tehran to the dignitaries and Delegations of the participating countries.

Mr. Masoud Pezeshkian, the new President of the Islamic Republic of Iran was born in 1954. He is a cardiac surgeon. He had earlier served as Deputy Minister for Health in 1997, Minister for Health from 2001 to 2005 and the First Deputy Speaker of the Islamic Parliament of Iran from 2016 to 2020 respectively.




Share


0 views0 comments

Comments


bottom of page