top of page
Search

သတင်းထုတ်ပြန်ချက်

Updated: Aug 26

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဦးသန်းဆွေသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ

( ၁၄-၈-၂၀၂၄ ရက်၊နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဦးသန်းဆွေသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ၁၄-၈-၂၀၂၄ ရက်၊ (၁၉၁၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပခဲ့သည်။

အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက်ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြုသဘော ဆောင်သည့် ကူညီပံ့ပိုးမှုများ ဆက်လက်ပေးအပ်သွားရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သွားမည့်အခြေအနေ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ထို့ပြင် ဒုတိယဝန်ကြီးချုပ်သည် တရုတ် နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးသန်းဆွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် တရုတ်ကိုယ်စားလှယ် အဖွဲ့အား Horizon Lake View ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည်ခံခဲ့သည်။

***********************************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar held Myanmar-China bilateral consultations with Mr. Wang Yi, Member of the Political Bureau of the Chinese Communist Party Central Committee and Minister for Foreign Affairs of the People’s Republic of China

(14-8-2024,Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar held Myanmar-China bilateral consultations with Mr. Wang Yi, Member of the Political Bureau of the Chinese Communist Party Central Committee and Minister for Foreign Affairs of the People’s Republic of China at 1910 hrs on 14 August 2024 at the Ministry of Foreign Affairs, Nay Pyi Taw.

During the bilateral meeting, the two sides cordially exchanged views on matters pertaining to the further consolidation of the existing Pauk Phaw relations and, the Chinese Government’s consistent support towards Peace and sustainable socio-economic development of the people of Myanmar, and reaffirmed mutual support in regional and multilateral arenas and matters of common interests. The Deputy Prime Minister also appraised the latest developments of Myanmar to the Chinese Foreign Minister.

In the evening, U Than Swe, Deputy Prime Minister and Union Minister for the Ministry of Foreign Affairs hosted a dinner to the visiting Chinese delegation led by Mr. Wang Yi, Member of Political Bureau of Chinese Communist Party Central Committee and Minister for Foreign Affairs of the People’s Republic of China at the Horizon Lake View Hotel.




0 views0 comments

Comentários


bottom of page