top of page
Search
Writer's pictureME Prague

သတင်းထုတ်ပြန်ချက်

(၂၆) ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီ အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများသို့ မြန်မာသံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက်

(၂၈-၆-၂၀၂၄ ရက်၊ ပရာ့ဂ်)

ပရာ့ဂ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ လက်ရှိဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Ms. Suzilah Mohd Sidek က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ဦးစီးကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီအစည်းအဝေးနှင့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများသို့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်သည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ သံရုံးအကြီးအကဲများသည် (၂၅) ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီအစည်းအဝေးမှတ်တမ်းအား အတည်ပြုခြင်း၊ ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ကော်မတီမှ ဆောင်ရွက်ခဲ့သည့် ပူးတွဲလှုပ်ရှားမှုများ အစီရင်ခံစာကို မှတ်တမ်းတင်ခြင်းနှင့် ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်အတွင်း ကော်မတီမှ ဆောင်ရွက်နိုင်မည့် လှုပ်ရှားမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်အတွက် အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Ms. Suzilah Mohd Sidek မှ ဗီယက်နမ် နိုင်ငံသံအမတ်ကြီး H.E. Mr. Hoai Nam Duong ထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

*****************************************

Chargé d' Affaires of the Embassy of Myanmar in Prague attends the 26th ASEAN Committee in Prague (ACP) Meeting and Ceremony of the Handover of the ACP Chairmanship

(28-6-2024, Prague)

On 28 June 2024, Dr. Htuann Naung, Chargé d' Affaires of the Embassy of Myanmar to Czech Republic attended the 26th ASEAN Committee in Prague (ACP) meeting and Ceremony of the Handover of the ACP Chairmanship organized by the ACP current chair, Malaysia Ambassador H.E. Ms. Suzilah at the Rumah Malaysia in Prague. Other Heads of Missions of the ASEAN countries in Prague such as Indonesia, Philippines, Thailand and Vietnam were also participated to these events.

At the meeting, Heads of Missions of ACP adopted the minutes of the 25th ACP meeting held on December, acknowledged report on the ACP Joint activities in the first half of 2024 and discussed the matters to be undertaken by the ACP in the second half of 2024. Following the discussions, the Ambassador of Malaysia H.E. Ms. Suzilah Mohd Sidek, handed over the rotating Chairmanship of the ASEAN Committee in Prague to the Ambassador of Vietnam, H.E. Mr. Hoai Nam Duong for the second half of 2024.





2 views0 comments

תגובות


bottom of page